Tuesday, May 24, 2016

Dark Places (2015) မြန်​မာစာတန်းထိုး



ဒီနေ့တော့  မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။
ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။
မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။
တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။
အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ဘန်ဟာ အပြစ်မဲ့သူတစ်ယောက်ဆိုတာပါပဲ။
လိုင်းက လစ်ဘီကိုတော့ အ ခင်းဖြစ်တဲ့ညက ဘာတွေဖြစ်သွား ခဲ့တယ်ဆိုတာထပ်ပြီးအတွင်းကျ ကျစုံစမ်းဖို့ပြောခဲ့ပါတယ်။
အစ်ကိုဖြစ်သူမှာအပြစ်မရှိ တာသိသွားတဲ့လစ်ဘီ တကယ့်တ ရားခံတွေ ဘယ်လိုပြန်ဖော်ထုတ် မှာလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာမို့ ပရိသတ်စိတ်ဝင်စားမယ်ထင်ပါတယ်။

Imdb Rating : 6.2
Review  – 7Day Daily
Encoder – Lynn Lynn Latt

ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်

ဒေါင်းရန်လင်ခ် >> Full HD size 674M (Or)
Small file size 440M

 ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ  ဖတ်ပါ။



Posted via Blogaway


No comments:

Post a Comment