Friday, April 29, 2016

Mr. & Mrs. Smith (2005) မြန်မာစာတန်းထိုး





အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားပါ။
အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ ဝါရင့်သရုပ်ဆောင်နှစ်ယောက် 
အပြိုင်အဆိုင် သရုပ်ဆောင်ထားကြတာ အသက်ဝင်လွန်းပါတယ်။
(အသက်ဝင်လွန်းလို့ ဒီဇာတ်ကားရိုက်ကူးပြီးသွားချိန်မှာ
သူတို့နှစ်ယောက် ပေါင်းသင်းနေထိုင်ကြတဲ့အထိဖြစ်သွားပါတယ်....ဤကား စကားချပ်။)
ဇာတ်လမ်းလေးကလဲ မြင်နေကြ ဇာတ်လမ်းတွေလိုမဟုတ်လို့ ကြည့်လို့အဆင်ပြေသလို
သူတို့နှစ်ယောက်ရဲ့ အကြည့်... အပြုံး ..စကားပြောဟန်တွေ ...သရုပ်ဆောင်မှုတွေကလဲ အတော်လေးဆွဲဆောင်နိုင်ပါတယ်။
ဒီဇာတ်ကားကို Unrated Edition Version နဲ့တင်ပေးထားလို့ ရုံတင်တုန်းက မပါခဲ့တဲ့ Scene တချို့ကို
တွေ့မြင်ရမှာပါ။ 

File size...(1GB)  
Quality...BR-Rip 720p
Format...mp4
Duration....02:05:33
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung 
 
Download and Watch HD 720p (pCloud Link) 

Download and Watch 360p Small File Size(450MB)



Posted by Asai Htoo

If i stay (2016)-မြန်​မာစာတန်းထိုး

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ မင်းသမီးချောလေး Chloë Grace Moretz အဓိကပါဝင်သရုပ်ဆောင်ထားပြီး
IMDb Rating (6.8/10) ရရှိထားတဲ့ Drama, Fantasy, Music အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ရုံတင်တုန်းက ဝင်ငွေကောင်းခဲ့တဲ့ ဇာတ်ကားမို့လို့ Drama ကြိုက်သူတွေလက်မလွတ်သင့်ပါဘူး။
မင်းသမီး Chloë Grace Moretz ပရိတ်သတ်တွေအတွက်ကတော့ ပြောစရာမရှိတော့ပြီ။
(တစ်ခုပဲပြောစရာရှိတာက ....
မင်းသမီး Chloë Grace Moretz နဲ့ ဒေးဗစ်ဘက်ခမ်းရဲ့သား Brooklyn Beckham တို့ 
ရွှေလက်တွဲနေပြီလို့ တလောကပဲ သတင်းဓါတ်ပုံတွေ ထွက်လာတဲ့အကြောင်းပါ...ဤကား စကားချပ်။)

File size...(900MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:46:40
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung 
 
Download and Watch HD 720p (pCloud Link) 

Download and Watch 360p Small File Size(400MB)


Thursday, April 28, 2016

The Monkey King 1 (2014)-မြန်​မာစာတန်းထိုး



2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး
နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။



နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 ) မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။

အရင်ကလည်း Part 1 ဒီဇာတ်ကားလေးကို တင်ပေးခဲ့ဖူးပါတယ် ဖိုင်တွေပျက်သွားခဲ့လို့ပါ။ Part 2 ထွက်လာခဲ့တဲ့အခါ Part 1 ကိုပြန်ကြည့်ချင်တဲ့ပရိတ်သက်တွေအတွက်  အခု Blueray Quality နဲ့ထပ်မံတင်ပေးလိုက်ပါတယ်။
@San Win Maung

File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 30m
Encoder                         : San Wine Maung

(The Monkey king part 1)
Download and Direct Watch HD720P
Download and Direct Watch small file 360P

(The Monkey king part 2) ကို ဒီမှာ​ဒေါင်းလို့ရပါတယ်
Download & Watch 1080P HD
Download & Watch 720p HD
Download & Watch 360p


Resident Evil (1 to 5) မြန်မာစာတန်းထိုး Special Package





Resident Evil 1 (2002) 



Imdb 6.7 ရရှိခဲ့သည်​။ Driector Paul W.S Andrewson ၏ ​အောင်​မြင်​ခဲ့​သောဇာတ်​လမ်းများထဲမှ တစ်​ကားအပါအဝင်​ဖြစ်​သည်​။ Alice အဖြစ်​သရုပ်​​ဆောင်​သူ Milla Jovovich ၏ မှတ်​တိုင်​ဇာတ်​ကားတစ်​ကားလည်းဖြစ်​ခဲ့သည်​။

2002 ခုနှစ်​တွင်​ Resident Evil ကိုစတင်​မိတ်​ဆက်​ခဲ့ပြီး Resident Evil သည်​ 2002 မှစပြီး ​အောင်​မြင်​သော​ကြောင့်​ Game Video ပါထွက်​ခဲ့​သော ဇာတ်​ကားဖြစ်​ပါသည်​။

Umbrella ဆို​သော ဓာတ်​ခွဲခန်းတွင်​ DNA ​ပေါင်းများစွာကို ​ပေါင်းစပ်​ပြီး လျှို့ဝှက်​စမ်းသပ်​ခဲ့ကြသည်​။ ထိုစမ်းသပ်​ခန်းထဲတွင်​မှ ​ပေါက်​ကွဲမှူ ​ပြီး အမျိုးအမည်​မသိ​သော ​သတ္တဝါဆန်းကြီးဖြစ်​​ပေါ်လာ​လေသည်​။ ထိုဓာတ်​ခွဲခန်းထဲတွင်​ရှိ​သော သက်​ရှိအရာများသည်​ အမျိုးအမည်​မသိ​သော သတ္တဝါဆန်းများဖြစ်​လာ​ခဲ့ပါသည်​။ ထိုအချိန်​တွင်​ စမ်းသပ်​ခန်းတွင်​ရှိ​နေ​သော Alice (Milla Jovovich) သည်​ ထိုသတ္တဝါများကို မည်​ကဲ့သို့ရင်​ဆိုင်​မည်​နည်း ၊ ​သတ္တဝါဆန်းများကို နှိမ်​နှင်းနိုင်​ပါ့မလားဆိုတာ ပိတ်​ကားတွင်​ဆက်​လက်​ကြည့်​ရှူ့ ပါရန်​။ ထိုသတ္တဝါဆန်းကြီးများလက်​မှ လွတ်​​မြောက်​ပါမလား အသက်​ဆက်​ရှင်​နိုင်​ပါမည်​လားဆိုတာကို သည်းထိတ်​ရင်​ဖို ခံစားကြည့်​ရှူ့ကြပါရန်​။
(ဇာတ်ကားအညွန်းကိုတော့ Moe Nay ကရေးသားပေးထားတာပါ။)

File Size       : 1GB /400Mb
Duration       : 1 hr 51 min
Encoder        : KaYwa
Quality          : 1080p/360p
Translator      : Tariq L Walker

Download & Watch 1080p (1GB)

Download & Watch Small 360p (400MB)

=================================================

Resident Evil 2 : Apolocalypase (2004)



Imdb 6.2 ထိရရှိခဲ့​သောဇာတ်​ကား​ကောင်းဖြစ်​သည်​။
Resident Evil (2002) ​အောင်​မြင်​ပြီး​နောက်​ 2004 ခုနှစ်​တွင်​ Resident Evil (2004) ကိုဆက်​လက်​ရိုက်​ကူးခဲ့သည်​။ ပထမဇာတ်​ကားမှ အဖြစ်​အပျက်​များဖြစ်​ပွားပြီး​နောက်​ Alice သည်​ ​ တစ်​စုံတစ်​​ယောက်​မှ မရှိ​သော ဆေးရုံမှ နိုးလာ​သောသည်​။ ထို့​နောက်​ တစ်​မြို့လုံးကို လှည့်​လည်​ကြည့်​ရှူ့​လေသည်​ ။ သို့​သော်​ လူတစ်​ဦး၏ အရိပ်​အ​ခြေကိုမမြင်​ရ​ပါ။
T-Virus ဟု​ခေါ်​သော ​ရောဂါပိုးတစ်​မျိုးက ထို့မြို့တွင်​ ကူးဆက်​လျက်​ရှိသည်​။ ထိုမြို့မှ မြို့ခံများအားလုံး zombie အဖြစ်​​ပြောင်းလဲကုန်​ကြ​လေသည်​။ သို့​သော်​ ၎င်းမြို့တွင်​ ထွက်​​ပေါက်​ဟူ၍ တစ်​​ပေါက်​တည်းသာရှိ​ပါသည်​။

Umbrella Coporation မှ Hacker သည်​ မြို့၏ CCTV System ကို Hack လိုက်​ပြီး Alice အသက်​ရှင်​​နေ​ကြောင်း နှင့်​Umbrella Coporation မှ တာဝန်​ရှိသူများအသက်​ရှင်​​နေ​ကြောင်းသိရ​လေသည်​။ Nuclear ​​ဖောက်​ခွဲမည်​ကိုသိရ​သော Alice ၊ ထို Nuclear ကို တားနိုင်​မည်​လား ၊ Alìce နှင့်​ Umbrella မှ တာဝန်​ရှိသူများ မည်​ကဲ့သို့ ထိပ်​တိုက်​ရင်​ဆိုင်​ကြမည်​လည်း ၊  Alice လွတ်​​မြောက်​နိုင့မည်​လား ၊ မည်​ကဲ့သို့ Zombie များကို ရင်​ဆိုင်​မည်​နည်းဆိုတာကို​တော့ ပိတ်​ကား​ပေါ်တွင်​ဆက်​လက်​ကြည့်​ရှူ့ပါ။

Quality....1080p Brip 
Format...mp4
Duration : 1:59:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... KaYwa

Download & Watch 1080p HD(900MB)

Download & Watch 360p (400MB)

==============================================

Resident Evil 3 : Extinction (2007)



Raccoon City ဟာ ဖုတ်ကောင်တွေရဲ့လက်ချက်ကြောင့်ပျက်စီးသွားခဲ့တဲ့နောက်ပိုင်းဖြစ်ရပ်များအနေနဲ့ ဇာတ်လမ်းကိုဦးတည်ထားပါတယ် အဲလစ်တစ်ယောက်ဟာ  ဒီဖြစ်ရပ်တွေအပြီးမှာ Umberlla Corp ရဲ့လုပ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိသွားပြီးနောက် တစ်ကိုယ်တော်ခရီးထွက်လာခဲ့ရာမှ Nevada သဲကန္တာရတွင်းရှိ Kmart တစ်ခုမှ လမ်းညွှန်မြေပုံတစ်ခုကိုတွေ့ရှိခဲ့ပြီးခရီးဆက်ခဲ့ရာမှ လမ်းခုလတ်တွင် ဇွန်ဘီကျီးကန်းများတိုက်ခိုက်မှုကြောင့်  ဒုက္ခတွေ့နေတဲ့ ကလာရာရက်ဖီးလ် ဦးဆောင်တဲ့ ရှင်ကျန်သူတစ်စုနဲ့ပူးပေါင်းမိပြီး Las Vegas ကိုခရီးထွက်ခဲ့ရာ သူတို့ရဲ့သွားလိုတဲ့ပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲ အဲလစ်ရဲ့စိတ်စွမ်းအင်ဟာလည်း ဒီဇာတ်ကားမှာတော့ပိုအားကောင်းလာတာကိုတွေ့ရမှာပါ။
(ဇာတ်ကားအညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ။)

Quality....1080p Brip 
Format...mp4
Duration : 1:30:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... Aung Pyay

Download & Watch 1080p (1GB)

Download & Watch 360p (400MB) 

===========================================

Resident Evil 4 : Afterlife (2010)



ကမ္ဘာကြီးတစ်ခုလုံးဖုတ်ကောင်တွေရဲ့  တိုက်ခိုက်မှုခံခဲ့ရပြီးချိန်မှာတော့  အဲလစ် တစ်ယောက်ဟာ umbrella corp ကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါပြီ  ကလယ်ရာရက်ဖီးလ်  ဦးဆောင်တဲ့ ရှင်ကျန်သူအုပ်စုနဲ့လမ်းခွဲထွက်လာပြီးတဲ့နောက် လမ်းခရီးမှာတိုက်ခိုက်မှုမျိုးစုံနဲ့ကြုံရပါတော့တယ် တစ်နေ့မှာ ရေဒီယိုလိုင်းတစ်ခုပေါ်မှ အရေးကြီး ထုတ်လွှင့်ချက်တစ်ခုရပြီးတဲ့နောက်မှာတော့  Arcadia ဆိုတဲ့နေရာလေးကိုထွက်ခဲ့ရာမှ တစ်ချိန်ကသိကျွမ်းခဲ့ဖူးတဲ့ ကလယ်ရာရက်ဖီးလ်  ကို အတိတ်မေ့သူတစ်ဦးအနေနဲ့လည်းပြန်တွေ့ခဲ့ရပြီး နှစ်ယောက်အတူဆက်လက်ခရီးနှင်ခဲ့ရာမှ Los Angeles မြို့ရှိအဆောက်ဦးတစ်ခုပေါ်လေယာဉ်ဆင်းသက်ခဲ့ရာမှာ လူသာဝက်စ်  ဦးဆောင်တဲ့ ရှင်ကျန်သူအုပ်စုတစ်စုနဲ့တွေ့ဆုံခဲ့ပြီးနောက် Arcadia ဆိုတာဘာလဲဆိုတာသိခဲ့ရတဲ့အပြင် ထူးဆန်းစွာနဲ့ ကလယ်ရာရက်ဖီးလ်  ရဲ့အစ်ကိုဖြစ်သူ ခရစ်ရက်ဖီးလ်  ကို လူသာဝက်စ်တို့ရဲ့အကျဉ်းသားတစ်ဦးအဖြစ်တွေ့ခဲ့ပါတယ်
အဲ့ဒီနောက်ပိုင်း အဲလစ်တို့လူစု Arcadia ကို ဘယ်လိုသွားကြမလဲ သူတို့လွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့  အဲလစ်နဲ့ Umbrella Corp တို့ရဲ့  တွေ့ဆုံမှုကအမြင့်ဆုံးအနေထားကိုရောက်လာပါပြီ

Quality....1080p Brip 
Format...mp4
Duration : 1:59:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... KaYwa

Download & Watch 1080p (969MB)

Download & Watch 360p

==================================================

Resident Evil 5 : Retribution (2012)



အဖွင့်မှာတော့  After life ကဖြစ်ပျက်ခဲ့တဲ့ Arcadia မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေနဲ့စတင်ထားပြီး အမည်မသိတပ်သားတွေရောက်လာပြီးတဲ့နောက်မှာ Arcadia အမည်တွင်တဲ့ သင်္ဘောကြီးဟာပေါက်ကွဲပျက်ဆီးသွားခဲ့ပြီး အဲလစ် ဟာလည်း ပင်လယ်ထဲမျောပါသွားပါတယ်
Raccoon City မှာရှိတဲ့ အဲလစ်ဟာတော့သူ့ခင်ပွန်း တော့ဒ်  သူမသမီးငယ် ဘက်ကီ တို့နဲ့အတူငြိမ်းချမ်းစွာနေထိုင်လျက်ရှိပြီး တစ်ရက်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကို ခံရပြီး မြို့ပါပျက်စီးသွားပါတော့တယ် အဲလစ်ကရောလွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့ အရင် ဇာတ်လမ်းတွေမှာရင်းနှီးခဲ့တဲ့ ဇာတ်ကောင်တွေကိုပြန်တွေ့ရမှာဖြစ်ပြီး အနည်းငယ်နားမလည်နိုင်စရာကောင်းပြီးရှုပ်ထွေးနေပါလိမ့်မယ် ဇာတ်ကောင်အသစ်တွေအနေနဲ့ကတော့  Gamer တွေရင်းနှီးခဲ့တဲ့ Resident Evil 4 မှ လီယွန်အက်ဖ်ကနေဒီနဲ့  အာဒါဝေါင်  တို့ပါဝင်လာမှာပါ ဂျေးဗယ်လင်တိုင်း ကိုလည်း သတိရကြဦးမှာပါသူတို့တွေပူးပေါင်းပြီး Umbrella Corp ကိုဖျက်ဆီးဖြိုခွဲနိုင်မှာလား ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ကိုရင်တထိတ်ထိတ်နဲ့မထတမ်း ကြည့်ရှုရမှပါ။
( အညွန်းကိုတော့ Moe Oo Mann ကရေးသားပေးခဲ့တာပါ)

Quality....1080p Brip 
Format...mp4
Duration : 1:30:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... Aung Pyay

Download & Watch 720p (700MB)

Admin Team : Channel Myanmar-Asai Htoo


Wednesday, April 27, 2016

Shadow Hunter: The Mortal Instrument TV Series (Season 1) မြန်မာစာတန်းထိုး




ကဲ CM ရဲ့ ပရိသတ်ကြီးရေ ...
CM မှာ Series လေးတွေ အားလျော့နေတဲ့အချိန်မှာ
2016မှာ ထွက်လာတဲ့ Series ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ....
စူပါပါဝါတွေပါတဲ့ ကားတွေကိုကြိုက်နှစ်သက်တဲ့
ပရိတ်သတ်တွေကတော့ သဘောကျကြမှာ ကျိန်းသေပါတယ်

2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့The Mortal Instruments: City of Bones 
ဆိုတဲ့ ရုပ်ရှင်ကားလေးကို မှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ် ... အခုစီးရီးဟာ
အဲ့ဒီ့ ရုပ်ရှင်ကို စီးရီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပြီးတော့ 
201၆ ခုနှစ်မှ အသစ်ထွက်ရှိလာတာဖြစ်ပါတယ် ... ခုမှစထွက်တာဆိုပေမယ့်
IMDB rate 6.4 ရရှိထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စီးရီးတစ်ခုလည်းဖြစ်ပါတယ် ... 

ဇာတ်လမ်းအကျဉ်းကတော့ ... ကလယ်ရီဖရေး လို့ခေါ်တဲ့မိန်းကလေး
တစ်ယောက်ဟာ ဘ၀ကို သမရိုးကျပဲ ဖြတ်သန်းနေထိုင်လာခဲ့ပါတယ် ... 
သူမရဲ့ 18 နှစ်ပြည့်မွေးနေ့ရောက်တဲ့အခါမှာတော့ မထင်မှတ်ထားတာတွေ
ဖြစ်ခဲ့ပြီး ... သူမဟာ နတ်ဆိုးတွေရန်က လူတွေကိုကာကွယ်ပေးနေတဲ့ Shadowhunters ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်မှန်းသိခဲ့ရပါတယ် ... သူမရဲ့ အမေဟာ 18 နှစ်တိုင်တိုင် သာမန်လူတွေကြားမှာ ပုန်းကွယ်နေခဲ့ပြီး သူမရဲ့မွေးနေ့မှာ Circle ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့အခါမှာတော့ ... 
သူမအမေပုန်းကွယ်နေတဲ့ အကြောင်းအရင်းကဘာလဲ? 
မရဏခွက်ဆိုတာကတော့ ဘာလဲ? 
သူမအမေကိုကော ပြန်ကယ်ဖို့ ဘယ်လိုပြန်ကြိုးစားမလဲ ဆိုတာကို
ဒီစီးရီးထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ...

Supernatural လို ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် နတ်ဆိုးတွေ၊မှော်ဆရာတွေရဲ့ အားပြိုင်မှူကို တစ်မျိုး ကြည့်ရမဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။

ဒီစီးရီးကို ဘာသာပြန်ပေးမဲ့သူကတော့ Tartee Poeပဲ ဖြစ်ပြီး အပတ်စဉ် တင်္နလာနေ့တိုင်း အပိုင်းသစ်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Season 1

Episode 1

Episode 2

Episode 3  

Episode 4 

Episode 5  

Episode 6

Episode 7   

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13 


Tuesday, April 26, 2016

A Good Day To Have An Affair(2007) မြန်မာစာတန်းထိုး ၁၈++++



ဒီကား လေးက ကို တော့..ညွန်းပြရမယ် ဆို..အိမ် ထောင် ရေးဇတ် လမ်းကိုရိုက် ကူးထားတဲ့ပုံစံ လေးပါ...သို့ ပေမဲ့ ...အိမ် ထောင် ရေးမှာ ဖောက် ပြန် တဲ့မိန်းမနှစ် ယောက် အ ကြောင်းကိုအသား ပေးရိုက် ကူးထားတာလို့ ပြောရင် ပိုမှန် ပါလိမ့် မယ် ..အဲဒီလို ဖောက် ပြန် လို့လဲ.. နောက် ဆုံးမှာသင် ခန်းစာအကြီးကြီးရသွားပုံကိုမြင် တွေ့ကြရဦးမှာဖြစ် ပါတယ် ဇတ် ကားက ၁၈+++ဆန် ပြီး သုံးထားတဲ့စကားလုံးအသုံးအနှုန်း တွေနဲ့ အိမ် ကမိသားစုနဲ့အတူကြည့် ဖို့မသင့်  တဲ့အခန်း တွေပါဝင် တာမို့ ကိုယ့် ဟာကိုယ် ဆင် ပြေကြည့် ကြပါ အများကြီးညွန်း နေရင် ဇတ် ကား ပေါ်အရသာ ပေါ့သွားမှာစိုးတဲ့အတွက် အညွန်းကိုဒီ လောက် နဲ့ပဲနိဂုန်းချုပ် ပါရ စေ

File Size         : 740 MB
Quality           : Dvd Rip
Running Time : 1hr 43 minute
Format           : Mp4
Genre             : Comedy, Romance
Encoder         : Joker.phs
Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaungပဲ ဖြစ်ပါတယ်)


Dragon Nest



တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်....
လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့...
လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်
သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်....

ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်...
မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့...
အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီး
လူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ .....
သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?
ဘာတွေဆက်ဖြစ်လာကြမလဲ ?
ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ....

ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်...
အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ...
Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ...
ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦး

ဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ
(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို နာမည်အသစ်ပေးတဲ့အခန်းပါပါတယ်)
ဒီဇာတ်ကားရဲ့ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက် ဖြစ်ပါတယ် 


Filesize : 750 MB
Quality : Bluray720p 
Format : mp4
Run Time : 1h 28 min
Subtitle : Myanmar Subtitle ( Hardsub )
Translated By Ye Kyaw Htet
Encoded By AP Newschool


Download And Watch With Pcloud Link 


Deadpool(2016) - မြန်မာစာတန်းထိုး



ကဲ . . . cmပရိတ်သက်တို့တွေမျှော်လင့်နေတဲ့ နွေရာသီရဲ့နေ့လေးတစ်နေ့ရောက်လာပါပြီ။ အခုတင်ပေးမယ့်ကားလေးကို ပရိတ်သက်များအချိန်တော်တော်ကြာအောင်မျှော်လင့်တောင်းဆိုစောင့်စားခဲ့ကြသလို
ကျွန်တော်တို့ CM Team တစ်ခုလုံးလည်းမျှော်လင့်စောင့်စားနေခဲ့ကြတာပါပဲ။ ဒီနေ့ကတော့ Deadpool Day of Channel Myanmar-asaihtoo လို့ပဲ ပရိတ်သက်ကြီးသိထားပေးပါ။ Marvel ကားတွေထဲမှာမှ IMDb rating 8.4/10 ထိတောင်ရယူနိုင်ခဲ့ပါတယ်။
(မြန်မာနိုင်ငံရဲ့ရုံတွေမှာတင်ပြသွားတုန်းလို ဆင်ဆာလုံးဝမဖြတ်ထားပါဘူး။)
Deadpool Review
**************
မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။



မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။
ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero
 တွေထဲမှာ အကြမ်းဆုံးဖြစ်နေသလို တော်တော်များများ နာမည်ကြီး Action ကားတွေထက်လည်း ကြမ်းပါတယ်။ ဟိုလို Man of Steel ထဲကလိုမျိုး ဝုန်းဒိုင်းကြဲကြမ်းတာကိုပြောတာမဟုတ်ပါဘူး။ Wade Wilson ရဲ့ Skill ကို ပြသွားတာ တော်တော်မိုက်လို့။ ခုန်ပျံကျော်လွှားတဲ့ဟာတွေ ခုတ်တာဘာညာက တော်တော်ကြည့်ကောင်းတယ်။ Stunt တွေလည်းလှတယ်။4th Wall breaking ကတော့ ဘယ်ပြောကောင်းမလဲပေါ့။ ဖောက်ချက်က မြင်မကောင်းဘူး။ တခြားရုပ်ရှင်တွေ မင်းသားမင်းသမီးတွေ ရုပ်ရှင် studio တွေလည်းမနေရဘူး။ မင်းသားတစ်ယောက်ဆို တော်တော်သနားဖို့ကောင်းတယ် သူ့ပဲဖောက်နေလို့ ။ နောက်ခံတေး သို့မဟုတ် ပြောင်တေး ကလည်းမိုက်သဗျ။ သီချင်းတွေကောင်းတယ်။



နောက်ဆုံးပြောချင်တာက Deadpool ဟာ fan တွေစောင့်စားလာသမျှအတွက် တော်တော်အားရစေမဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရမ်းကြီး perfect တော့မဖြစ်၊ သိပ်အားမရဘူးတော့ဖြစ်တဲ့လူဖြစ်လိမ့်မယ်။ ဇာတ်လမ်းက အခုမှ အစဖြစ်တာရယ် ပြသချိန်တိုတာရယ် အဲ BUDGET က $58 Million ထဲရယ်။ နောက်ကားတွေဆို ဒီထက်ပိုကောင်းလောက်မယ်ထင်ပ။ လုံးဝ 18+ joke တွေ အခန်းတွေမို့လို့ သိကြမဲ့အတိုင်း ကလေးတွေအတွက် တော်တော်ကြမ်းပါတယ်။ ဒါတောင် တချို့အခန်းတွေက ဒီကမိန်းကလေးတွေအတွက် သိပ်မသင့်တော်ဘူးလို့ပြောလို့ရပါတယ်။ (ဒါပေမဲ့ ဒီမှာတော့ ကလေးဘာညာမရွေး ကြည့်နေကြတာပဲလေနော့) ဒီလောက်ပါပဲ။ အဲလောက်ကြီးအဆိုးကြီးမဟုတ်ပါဘူး။ Comic fan မဟုတ် marvel fan မဟုတ်ဘူးဆိုရင်တောင် action/comedy ကားအနေနဲ့ ကြည့်လို့ကောင်းတယ်။

နောက်ဆုံး မှာချင်တာက ဇာတ်လမ်းကို ပြီးတဲ့ထိကြည့်ကြပါ။ စာတန်းထိုးပြီးတဲ့အထိ။ ကျွန်တော် Mingalar Sanpya မှာကြည့်တာ။ စာတန်းထိုးတဲ့အထိ မီးမဖွင့်သေးလို့ တခြား ဇွဲကောင်းတဲ့ တခြားပိတ်သတ် (၂၀) လောက်နဲ့ စောင့်လိုက်တာ အားပါးပါး။ ပါတဲ့အခန်းက လုံးဝတန်တယ်။ မိနစ်ပိုင်းလေးပဲကို စောင့်ကြည့်လိုက်ပေါ့။
ရုပ်ရှင်အညွှန်းကို http://www.datshin.com/ ကနေ ကူးယူရေးသားဖော်ပြထားပါတယ်။
(ဒီဇာတ်ကားကို CM Team မှ Ye Kyaw Htet နဲ့ ငတုံးမျိုးကို(MyoMyintMaung) တို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။)

File Size                          : 833 Mb
Quality                            : HD 1080P
Running Time                  : 1h 48m
Translated                       : Ye Kyaw Htet & Myo Myint Maung
Encoded                         : Littleneo

Download and Direct Watch HD1080P

Download and Direct Watch HD small file 360P


Monday, April 25, 2016

Death Note TV Series (2015) မြန်မာစာတန်းထိုး






အခုတင်မဲ့စီးရီးကတော့ ဂျပန်ဇာတ်ကားကောင်းကြိုက် ပရိသတ်ကြီးအတွက် Death Note(2015) Series ပါ အရင် DeathNote movie တုန်းကလိုပဲ Kira(Light) နဲ့ L တို့ရဲ့ ကြားထဲက ကစားပွဲလိုပါပဲ DeathNote ဟာ ဂျပန် မန်ဂါ ကနေပြီးတော့ Live Action ပြန်ရိုက်ထားတဲ့ဇာတ်လမ်းပါပဲ 
Movie တုန်းကတော့ အကျဉ်းချုံးသဘောမျိုးဖြစ်ပေမဲ့ Series ပြန်ရိုက်တဲ့အခါမှာတော့ မန်ဂါထဲကဇာတ်လမ်းတွေ အတတ်နိုင်ဆုံး စုံအောင်ပြန်ရိုက်ထားပါတယ် 

ဇာတ်လမ်းသွားကတော့ Light တစ်ယောက် သူငယ်ချင်းဖြစ်သူ အနိုင်ကျင့်ခံရတာကနေ မကျေနပ်စိတ်တွေဖြစ်တုန်း သေမင်း Ryuk နဲ့တွေ့ Deathnote စာအုပ်ကို ရလာပါတယ် ဒီစာအုပ်မှာ နာမည်ရေးခံရရင် အဲ့ဒီသူဟာ စက္ကန့်၄၀ အတွင်းသေမှာဖြစ်ပါတယ် သေရမဲ့အကြောင်းရင်းကိုရေးထားရင် အဲ့ဒီအတိုင်းသေပြီးတော့ မရေးရင်တော့ နှလုံးရုတ်တရက်ဖောက်ပြီး သေမှာပါ Light တစ်ယောက် Death Note စာအုပ်နဲ့ Lကို ဘယ်လို ပညာပြိုင်ကြမလဲဆိုတာကတော့ ဒီ Series မှာ ပြည့်ပြည့်စုံစုံ ဆက်လက်ကြည့်ရှုကြပါလို့.. မင်းသားတွေ မင်းသမီးတွေ အားလုံးပြောင်းလဲထားတာဖြစ်လို့ Light ပရိသတ်တွေရော L ရဲ့ပရိသတ်တွေပါ အသစ်အဆန်းလေး ခံစားရမှာပါ.. 2015မှာထွက်ထားတဲ့ Series ဖြစ်ပြီး ဂျပန်မှာလဲ လူကြည့်အများဆုံးဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ်လို့ အားပေးကြပါဦး။

Tv.Com မှာ Rating 8.7 အထိ ရရှိထားသလို အရင် Movieဇာတ်လမ်းတွေနဲ့မတူ တစ်မူထူးခြားတဲ့ အရသာကို ခံစားရပါ။ Light နဲ့ L ရဲ့ ကစားပွဲကို အခုပဲ ကိုယ်တိုင် ၀င်ရောက်ခံစားလိုက်ပါတော့ဗျာ။

Season 1


Episode 1


Episode 2


Episode 3


Episode 4


Episode 5


Episode 6


Episode 7


Episode 8


Episode 9


Episode 10


Episode 11 

 (ဒီဇာတ်ကားအတွက် ဘာသာပြန်သူကတော့ SKL ဖြစ်ပြီး အညွန်းရေးသူကတော့ Khin Cherry Hnin ပဲ ဖြစ်ပါတယ်)