Saturday, December 3, 2016

Synopsis of Game of Thrones (Season 2 Complete) မြန်မာစာတန်းထိုး








ဒီ Movie Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကို
အခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….
နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေ
တိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…
ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီး
သတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။
ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က
အံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။
Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Movie Series တစ်ခုဖြစ်ပါတယ်။

 

Quality….WEB-DL Rip 480p
Format…mp4
Total Episode…10 Episode
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
 
ဒေါင်းရန်​လင့်​ 👇👇

Season 2 Eps - 1 >>> Download and Watch(300MB)

Season 2 Eps - 2 >>> Download and Watch(300MB)

Season 2 Eps - 3 >>> Download and Watch(300MB)

Season 2 Eps - 4 >>> Download and Watch(300MB)

Season 2 Eps - 5 >>> Download and Watch(300MB)

Season 2 Eps - 6 >>> Download and Watch(300MB)

Season 2 Eps - 7 >>> Download and Watch(300MB)

Season 2 Eps - 8 >>> Download and Watch(300MB)

Season 2 Eps - 9 >>> Download and Watch(300MB)

Season 2 Eps - 10  >>> Download and Watch(300MB)


Synopsis of Game of Thrones (Season 1 Complete) မြန်မာစာတန်းထိုး







ဒီ Movie Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကို
အခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….
နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေ
တိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…
ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီး
သတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။
ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က
အံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။
Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Movie Series တစ်ခုဖြစ်ပါတယ်။

 

Quality….WEB-DL Rip 480p
Format…mp4
Total Episode…10 Episode
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Season 1 Eps - 1 >>> Download and Watch(400MB)

Season 1 Eps - 2 >>> Download and Watch(350MB)

Season 1 Eps - 3 >>> Download and Watch(400MB)

Season 1 Eps - 4 >>> Download and Watch(400MB)

Season 1 Eps - 5 >>> Download and Watch(400MB)

Season 1 Eps - 6 >>> Download and Watch(400MB)

Season 1 Eps - 7 >>> Download and Watch(400MB)

Season 1 Eps - 8 >>> Download and Watch(400MB)

Season 1 Eps - 9 >>> Download and Watch(400MB)

Season 1 Eps -10 >>> Download and Watch(400MB)


Tuesday, November 29, 2016

Dragon Heart (1+2+3) Special Package =====================================



လူသားတွေရဲ့ မသိစိတ်ထဲမှာ တစ်ကယ်ရှိမှာပါလို့ ယူဆထားတယ် သတ္တဝါတစ်မျိုးရှိပါတယ်။

အဲ့တာကတော့ “နဂါး” ပါပဲ။ ဒီတော့ ကွီးတို့၊ ခေးတို့၊ မွီးတို့၊ ညေးတို့ကို CM ကမွေးတဲ့ နဂါး ၃ ကောင်နဲ့

တေ့ပေး… အဲလေ.. မိတ်ဆက်ပေးပါရစေခင်ည
Dragonheart (1996)

ဒီဇာတ်ကားကတော့ ၁၉၉၆ က ဆိုပေကာလို့ အတော့်ကို ကောင်းတဲ့ effect တွေနဲ့လို့ ပြောရပါမယ်ခင်ဗျ။

နဂါးတွေအပေါ် လူတွေရဲ့အမြင်၊ လူတွေအပေါ် နဂါးတွေရဲ့အမြင် နဲ့ နဂါးနဲ့ လူတို့ကြားက သံယောဇဉ်ကို

(ငှယ်… ရှုပ်သွားတာပဲ…) ဖော်ကျူးထားပါတယ်။

ဇာတ်လမ်းကတော့ တိုင်းပြည်မှာ အလွန်ဆိုးသွမ်းတဲ့ ဘုရင်တစ်ပါး အုပ်စိုးနေချိန်ပေါ့ဗျာ။ အဲ့မှာ ဘုရင့်သားတော်လေးကို

တိုင်းပြည့်သူရဲကောင်းကြီးက ဘဝဒဿနတွေ သင်ပေး၊ ယောက်ျားတို့ တတ်အပ်တဲ့ အတတ်တွေသင်ပေးပေါ့။

သို့ပေကာလို့ ဘုရင့်သား မင်းသားက အတော်ကမျဉ်းတဲ့ ကောင်လား…ဗျ။ တိုက်ပွဲတစ်ခုမှာ သူ့ဆရာက

မဝင်ပါနဲ့ ပြောရက်သားနဲ့ ဝင်တော့ နှလုံးထိပါလေရော (အပေါ်နှလုံးပြောတာ)။ သူတို့အယူအရတော့ 

အဲ့ဂလိုဖြစ်ရင် နဂါးရဲ့နှလုံးကို သူတစ်ခြမ်းကိုယ်တစ်ခြမ်း မျှသာသုံးလိုက် ရှင် ဆိုပဲ။ အဲ့တာနဲ့ပဲ ဇာတ်လမ်းဖြစ်ရော ဆိုပါတော့။

ပြောတော့ဘူး.. ဆက်သာကြည့်ကြတော့ ဗျာ.. ငိငိ

  ဒါနဲ့ အက်ရှင်ကြည့်တော့ ဟုတ်ဘူးဗျ။ သူတို့ထုံးစံအတိုင်း ဇာတ်မပျင်းအောင် ဟာသလေးတွေလည်း

နည်းနည်း စွက်ပေးထားတယ်။


Dragonheart; A new Beginning (2000)

ဒါကတော့ Y2K နဂါးပေါ့ဗျာ။ ဒီဇာတ်လမ်းထဲမှာတော့ ဘုရားကျောင်းက မိဘမဲ့ မြင်းထိန်းကောင်လေးနဲ့

အစပြုထားပါတယ်။ အဲ့ကောင်လေးရဲ့ စိတ်ကူးယဉ်အိပ်မက်ကတော့ သူရဲကောင်းတစ်ဦးအဖြစ် တာဝန်ထမ်းရဖို့ပါ။

မထင်မှတ်ဘဲ နဂါးတစ်ကောင်နဲ့ တွေ့ဆုံမှုက သူ့အိပ်မက်ကို တစ်ကယ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့

ခေါင်းဆောင် ဘုရင့်သူရဲကောင်းက အကြံဆိုးရှိတဲ့သူ ဖြစ်နေပါတယ်။ နဂါးကို သိမ်း၊ တိုင်းပြည်ကို

အပိုင်ချိုင်ဖို့ လုပ်နေသူပါ။ အဲ့ဒီ အကြောင်းမသိတဲ့ သူရဲကောင်းပေါက်စနဲ့ သူ့ကို ရာထူးပေးသူ

(ရာပေး ထောင်ယူ လုပ်ချင်သူ)တို့ကြားက လွန်ဆွဲပွဲမှာ နောက်ထပ်ဝင်ကလိကြမယ့် သူတွေလည်း

ပါသေးတယ်ဗျ။ ကဲ… ဒီတော့ကာ….



Dragon Heart 3; The Sorcerer’s Curse (2015)

ဒီတစ်ခေါက်ကတော့ ခေတ်ပျက်ကြီးထဲကို ရောက်သွားပြီဗျ။ သူရဲကောင်း အမည်ခံပြီး ပြည်သူတွေဆီက

ဆပ်ကြေးလိုက်ကောက်တဲ့ခေတ် ဆိုပါတော့ဗျာ။ သို့စေကာမူ တော်တော်များများက သူရဲကောင်းဖြစ်ဖို့

တန်းစီနေကြရတယ်ဗျ။ သူရဲကောင်းဆို လစာကောင်းပြီလေဗျာ။ ဆပ်ကြေးလိုက်ကောက်တာကိုးဗျ နော..

ဒါကို မကျေနပ်တဲ့သူတွေက ခွဲထွက်ကုန်ကြပါတယ်။ ဒီလိုနဲ့ တိုင်းပြည်က တောင်ပိုင်း မြောက်ပိုင်းကွဲသွားရော။

အဲ့ထဲမှာမှ ဆဲလ်တစ်ဘုန်းတော်ကြီးအဖွဲ့လည်း ပါပါတယ်။ အဲ့ထဲက သစ္စာဖောက် ဘုန်းကြီးက သူ့စွမ်းအားအတွက်

နဂါးကို အလိုရှိနေသူပါ။ ဟိုသူရဲကောင်းအဖွဲ့က ကောင်လေးတစ်ယောက်ကလည်း အဖွဲ့ကနေ ကွဲထွက်လာပါတယ်။

ပြည်သူကို ကူညီမှုနဲ့ အဖွဲ့ကထုတ်ခံရသူ ဆိုပါတော့။ အဲ့လိုနဲ့ သူတို့နဲ့ မတည့်တဲ့ မြောက်ပိုင်းကိုရောက်

နဂါးနဲ့တွေ့ပြီး ဟိုဘုန်းကြီးအဖွဲ့၊ သူ့ခေါင်းဆောင်အဖွဲ့နဲ့ သုံးပွင့်ဆိုင် ဘယ်လိုဆက်ဖြစ်ကြတယ်ဆိုတာကတော့…..

ဘာကြည့်နေကြတာလဲ??? CM က နဂါး ၃ ကောင်ကို ခေါ်မွေးစားကြတော့လေ… 😜 😜

ဒေါင်းရန်လင့်...👇

Download Dragon Heart 1

Download Dragon Heart 2

Download Dragon Heart 3

ကျေးဇူးတင်ပါသည်။  


Ice fantasy အပိုင်း 2016 မြန်မာစာတန်းထိုး အပိုင်း(၁ မှ ၂၀)အထိ



F(x) Leader Vitoria ခေါင်းဆောင်ပါဝင်တဲ့ Ice fantasy ဇာတ်ကားပါ။
မင်းသားကတော့ သစ်ခွသခင်လို့ လူသိများကြတဲ့ Feng Shao Feng ဖြစ်ပါတယ်။
ပြီးတော့ ဒီကားမှာ ကိုရီးယားသရုပ်ဆောင် Kim Hee sun ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


ဒီဇာတ်လမ်းလေးဟာ ရေခဲမျိုးနွယ်နဲ့ မီးမျိုးနွယ် အကြား အာဃတစစ်ပွဲများဖြစ်ပွားပြီး ရေခဲမျိုးနွယ်တွေ စစ်ရှုံးသွားပါတော့တယ်။
အဲ့ဒီအခါမှာတော့ မင်းသားခါးဆို (Feng Shao Feng)က သူ့မျိုးနွယ်ပြန်လည် ထူထောင်ဖို့ လူ့ပြည်မှာရှိတဲ့
ရတနာကိုရှာပုံတော်ဖွင့်ရတော့တာပေါ့။

 အဲ့ဒီမှာ လူသား မိန်းကလေး လီလော့(vitoria song )့နဲ့တွေ့ပြီး ဘာတွေ
ဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါ..

အညွှန်းကိုတော့ CM မှဖြစ်ပြီး စာတန်းထိုးကိုတော့ S.K.L မှတင်ဆက်ထားပါတယ်။



Review:CM

Subtitle: SKL

Encoded by J Jin Tai

Poast by Fiv Channel

FIV Entertainment


Download Links

အပိုင်း ၁

အပိုင်း ၂

အပိုင်း ၃

အပိုင်း ၅

အပိုင်း ၆

အပိုင်း ၇

အပိုင်း ၈

အပိုင်း ၉

အပိုင်း ၁၀

အပိုင်း ၁၁

အပိုင်း ၁၂

အပိုင်း ၁၃

အပိုင်း ၁၄

အပိုင်း ၁၅

အပိုင်း ၁၆

အပိုင်း ၁၇

အပိုင်း ၁၈

အပိုင်း ၁၉

အပိုင်း ၂၀


The Legend of The Blue Sea - မြန်မာစာတန်းထိုး



ဒါရိုက်တာ : Jin Hyuk
ဝတ္ထုရေးသားသူ : Park Ji Eun
ပြသသည့်ရုပ်သံလိုင်း : SBS
ပြသသည့်ရက်စွဲ : ၂၀၁၆ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ဇန်နဝါရီလ ထိ
စုစုပေါင်း အပိုင်း ၂၀ ပြသမှာဖြစ်ပါတယ်။

ကိုးရီးယား စံတော်ချိန် ဗုဒ္ဓဟူးနေ့ နဲ့ ကြာသာပတေး  ၂၂း၀၀ နာရီအချိန်မှာပြသမှာဖြစ်ပြီး

ဇာတ်ကားအမျိုးအစားကတော့ fancy ,romantic အမျိုးအစား ပဲဖြစ်ပါတယ်

ဇာတ်လမ်းလေးအကြောင်းကတော့
 ရေသူမလေးရဲ့ story collection of “Eou yadam” ဆိုတဲ့ မှတ်ကျောက်တင်ထားတဲ့ ဆိုဆုန်
ပုံပြင်ဒဏ္ဍာရီကို ပြန်လည်အသက်သွင်းထားပြီ့း ဇာတ်လမ်းတွဲလေးအဖြစ် ရိုက်ကူးတင်ဆက်ထားပါတယ်။
ရေသူမလေးကို ကင်ဒမ်ယောင် က ပင်လယ်ပြင်ကြီးသို့ လွတ်မြောက်ခွင့်ပေးလိုက်သောအခါမှာ ဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်

ပင်လယ်ပြာ၏ ဒဏ္ဍာရီဆိုတဲ့နာမည်နဲ့လိုက်ဖက်လောက်အောင် ဒီဇာတ်လမ်းတွဲကို ကမ္ဘာပေါ်က သာယာလှပတဲ့ပင်လယ်ပြာကြီးတွေရှိတဲ့ကမ်းခြေတွေမှာသွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Channel Myanmar မှတင်ဆက်ထားပါသည်။

Download Link

Episode 1 >>>>> File size (300MB) Pcloud link

Episode 2 >>>>> File size (300MB) Pcloud link

Episode 3 >>>>> File size (300MB) Pcloud link

Episode 4 >>>>> File size (300MB) Pcloud link

Episode 5 >>>>> File size (300MB) Pcloud link

Episode 6 >>>>> File size (300MB) Pcloud link

ကျေးဇူးတင်ပါသည်။    
  


Monday, September 5, 2016

The Adventures of Tintin(2011) မြန်မာစာတန်းထိုး



ဒီ 3D အန်နီမေးရှင်း ဇာတ်ကားလေးဟာ တကယ့်ဒိတ်ဒိတ်ကျဲ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ ပြောင်မြောက်လှတဲ့ လက်ရာများထဲမှ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း အညွှန်းပြောရရင် ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သဘောင်္ကြီးကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော. မိုးဦးမာန်ဖြစ်ပါတယ်)

Download small file size (428.4MB) 


Conjuring 2 (2016)(မြန်မာစာတန်းထိုး) + Conjuring 1



ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့ Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။ သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ အကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန် အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာလေး နားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့ မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်း ပြောပြရင်း တင်ပေးလိုက်ပါပြီ......

Conjuring 1 ကိုပါ လင့်ထည့်ပေးထားပါတယ်။ ပြန်ကြည့်ချင်သူများ အဆင်ပြေပါစေ။

Littleneo****

File Size     :   587.8MB
Quality      :    720p Bluray
Duration    :   2 hr 14 min
Translator  :   Littleneo
Encoder     :   SeniorKaung

Small fize >> Conjuring 2 ကိုဒေါင်းရန်လင့်ကိုနိပ်ပါ။

Full size >> Conjuring 1 ဒေါင်းရန်လင့်ကိုနိပ်ပါ။ 


Sunday, August 28, 2016

Never Gone (2016) မြန်မာစာတန်းထိုး

Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။IMDb Rating (6.2/10) ရရှိထားတဲ့နာမည်ကြီးဇာတ်ကားပါ။

Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။
အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့ သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။
ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ ...အနားမှာရှိရှိ..မရှိရှိ.. အချစ်ဆိုတာ ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲမဟုတ်ပါလား။

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုစိတ်ဝင်စားစရာတွေပါနေလို့ Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။
HD 720p ကို (850MB) နဲ့ ဖိုင်ဆိုဒ်အသေးကို (350MB) နဲ့ Encode ထားပါတယ်။
အောက်ကလင့်မှာဝင်ဒေါင်းပါ။

ဒေါင်းရန်လင့် ကိုနှိပ်​ပါ။  

( ဒီကားလေးရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ Moe Myint Lwin ဘဲဖြစ်ပါတယ်။ )
>>>Nyeinsaeya Aung<<<


Wednesday, August 24, 2016

Skiptrace(2016) မြန်မာစာတန်းထိုး

Skiptrace(2016) မြန်မာစာတန်းထိုး

2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။

ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။

အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။ (Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)

ထွက်ရှိထွက်သမျှထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTC ဗားရှင်းနဲ့ တင်ပေးထားပါတယ်။ Blu Rayရရင်လဲ Updateပေးမှာမို့ Blu Ray ရမှ ကြည့်မယ်ဆိုတဲ့လူတွေ စောင့်ကြပါဦး

ဒီလင့်ကနေ ဒေါင်းပါ >>>> Download And Watch With Pcloud Link Full HD
(အညွန်းရေးပေးသူကတော့ Little Neo ဖြစ်ပြီး ဘာသာပြန်သူကတော့ SKL ဖြစ်ပါတယ်)

@joker
 


Thursday, August 18, 2016

Sniper Ghost Shooter (2016) မြန်မာစာတန်းထိုး



Sniper Ghost Shooter (2016) မြန်မာစာတန်းထိုး
*************************************
ကဲဒီတစ်ခါတော့ Sniper ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေမစ်ရှင်တစ်ခုအတွက် အကြမ်းဖက်သမားများလက်မှအရေးကြီးသော ဂတ်စ်ပိုက်လိုင်းကို ကာကွယ်ဖို့အတွက်လုပ်ဆောင်ရာမှာ စနိုက်ပါသမား၂ယောက်က ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကိုဆက်လက်ရှူစားကြရအောင်လား

👉ဒေါင်းရန်လင့် ကိုနိပ်ပါ။👈


Independence Day: Resurgence(2016) – မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ကထွက်ခဲ့တဲ့ Independence Day (1996) ရဲ့ နှစ် ၂၀ မြောက်အမှတ်တရကားဖြစ်သလို . . . အဲ့ဒီကားရဲ့အဆက်လည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။

လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဥာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် . ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့် သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။

အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၄င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။

ဒီဇာတ်ကားဟာ IMDb rating 5.5/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။ နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။

(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Carey Nyein ပဲဖြစ်ပါတယ်။)

1996 movie link ကိုလည်း အောက်မှာပေးထားပါတယ်။
@San Win Maung

Movie Download >>> ဒေါင်းရန်လင့် ကိုနိပ်ပါ။

Independent Day (1996) movie ကိုလိုချင်ရင်ဒီမှာဒေါင်းယူနိုင်ပါသည်။

 


Monday, August 8, 2016

Dead Rising:Watch Tower(2015) မြန်မာစာတန်းထိုး


ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက 5.2 ရထားပါတယ်

ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်... သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့....ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ.... ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ....။

ဒေါင်းရန်​လင့်​ ကိုနိပ်​ပါ။

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

 


1920: London (2016) မြန်မာစာတန်းထိုး



– ဒီနေ့အတွက်တော့ ချောက်ချားစရာ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။

ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ  သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။

သူ့ရဲ့ရောဂါဟာ ရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။

အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့  မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။

တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သူဘ၀က အထင်လွဲစရာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။

ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

(ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်။)

File size…(999MB)
Quality….DVD-Rip 720p
Format…mp4
Duration….01:58:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

ဒေါင်းရန်​လင့်​ ကိုနှိပ်​ပါ။