Monday, May 30, 2016

High Strung(2016) မြန်မာစာတန်းထိုး



High Strung ဇာတ်ကားသည် IMDb(6.6) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။

ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။

Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။

တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။

ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ခွဲထွက်နေပြီး လုံးဝထင်မထားလောက်အောင် ရိုက်ကူးပြထားသောဇာတ်ကားဖြစ်သည်။

မတူညီသောအနုပညာ ၃မျိုး ဘဲလေး ၊ Street Dance ၊ တယော တို့ကို မည်သို့ပေါင်းစပ်ရိုက်ကူးပြသွားမလဲဆိုတာတော့ ပိတ်ကားပေါ်တွင် ဆက်လက်ကြည့်ရှူ့ပါ....

File Size         : 580 MB
Quality           : HD Rip
Running Time : 1hr 35 minute
Format           : Mp4
Genre             : Drama,Romance
Encoder         : SeniorKaung91

Download And watch With Pcloud Link Full HD

(ဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ မေမြတ်နိုးပဲ ဖြစ်ပါတယ်)


The Werewolf Boy(2015) မြန်​မာစာတန်းထိုး






Big Bossလို့ လူသိများတဲ့ မင်းသား Song Joong Ki ပါဝင်တဲ့ ဒရာမာ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ Song Joong Ki စစ်မှု မထမ်းခင် လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၂မှာ ရုံတင်ပြသခဲ့ပြီး ကြည့်ရှုသူတွေရဲ့  အားပေးမှု နဲ့ အသိအမှတ် ပြု ခံခဲ့ရတဲ့ ဇာတ်ကားပါ။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်း ဖြစ်ပြီး တကယ့် ပုံပြင်လေး တပုဒ်ကို ကြည့်နေရသလို ခံစားရစေပါတယ်။ 

အဆုတ်ရောဂါသက်သာအောင် လေကောင်းလေသန့် ရှူ ရင်း အနားယူဖို့ တောရွာဘက်ကို ပြောင်းရွှေ့ လာကြတဲ့ မိန်းမပျို လေးတို့ မိသားစုနဲ့ ဝံပလွေလုလင်ပျို တို့ တွေ့ဆုံမိကြရာက ဒီပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းလေး ပေါ်ပေါက် လာပါတော့တယ်။ မိန်းမပျိုလေးနဲ့ တွေ့မှပဲ ၀ံပုလွေတစ်ကောင်လိုနေထိုင်တဲ့ ကောင်လေးက လူသားတယောက်လို စားသောက်နေထိုင်ပုံကို သင်ယူရပြီး သီချင်း ဆိုပြတာကိုလဲ ဘဝမှာ ပထမဆုံး ကြားဖူးသွားတဲ့ ကောင်လေး အတွက်တော့ အဲဒီ ချစ်စဖွယ်ကောင်မလေးသာ သူ့ဘဝ သူကမ္ဘာလို့ ခံစားမိသွားမှာ အသေအချာပါပဲ။အဲဒီကောင်လေးမှာရော ဘာအစွမ်းတွေ ရှိနေတာလဲ၊သူရဲ့ ဘ၀ဇာတ်ကြောင်းကလဲ ဘယ်လိုလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူရင်း ကောင်လေးရဲ့  ဖြူစင်တဲ့ချစ်ခြင်းနဲ့ သစ္စာတရားဟာ ကြည့်ရှု သူတွေရဲ့  နှလုံးသားကို ဆွဲကိုင်လှု ပ်ခတ်မယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ညွှန်းချင်ပါတယ်။

File Size         : 920 MB
Quality           : Blu ray 720P
Running Time : 2hr 02 minute
Format           : Mp4
Genre             : Fantasy,Romance
Encoder         : Joker.phs
Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Allie Scarlett ပဲ ဖြစ်ပါတယ်)


Tuesday, May 24, 2016

Maggie (2015) မြန်​မာစာတန်းထိုး



ဇာတ်လမ်းအကျဉ်းကိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူး..
ရောဂါပိုးကူးစက်သွားတဲ့ ကောင်မလေးတစ်ယောက်
Zombie တစ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့အကြောင်းရဲ့
နောက်ဆက်တွဲဖြစ်ရပ်တွေကို ရိုက်ကူးထားပါတယ်...
ဒါရိုက်တာကတော့ Henry Hobson ဖြစ်ပါတယ်..
IMDb မှာ 5.9 သာရရှိထားတာကိုတော့သတိထားရပါမယ်
Zombie ကားတွေ သဘာဝလွန်ကားတွေကြိုက်နှစ်သက်တဲ့
သူတွေတော့စောင့်ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်..

File Size : 658 MB
Quality : 720p 
Format : mp4
During : 1:35:04
Subtitle : Myanmar Subtitle ( Hardsub)
Encoder : LK

Download And Watch With Pcloud Link


Dark Places (2015) မြန်​မာစာတန်းထိုး



ဒီနေ့တော့  မင်းသမီးအသားပေးလျှို့ဝှက်ဆန်းကြယ် ဇာတ်ကားသစ်လေး ပရိသတ်တွေ အတွက် တင်လိုက်ပါ တယ်။မင်းသမီးရှားလိစ်သယ်ရွန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Dark Places ဆိုတဲ့ ၀တ္ထုစာအုပ်ကို မှီငြမ်းပြီးပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။လစ်ဘီဒေး ခုနစ်နှစ်အရွယ်တုန်းက ကန်ဆက်ပြည်နယ်ကျေး လက်ကယာ တောအိမ်လေးမှာသူ့ အမေနဲ့အစ်မတွေ အကုန်လုံးမျက်စိရှေ့တင် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်။
ဒီလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြောက်စိတ် ၀င်နေတဲ့ လစ်ဘီဟာအစ်ကိုဖြစ်သူကို တရားခွင်မှာ လက်ညှိုးထိုး ထွက်ဆိုမှုကြောင့် လစ်ဘီ့အစ်ကို ဘန်အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တရားခံ အစစ်ကတော့ လွတ်မြောက်နေခဲ့ပါတယ်။
မိသားစုတွေ မရှိတဲ့နောက် ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ လစ်ဘီဟာ နှစ်တွေသာ ကြာသွားပေမယ့် ထောင်ကျခံနေရတဲ့ သူ့အစ်ကို ဘန်ဆီကိုတစ်ခါမှ သွားမတွေ့ခဲ့ပါဘူး။
တစ်ရက်မှာတော့ လစ်ဘီဟာ လူသတ်မှုကျူးလွန်သူအဖွဲ့ထဲက လိုင်းဝစ်သ်ဆိုသူ တစ်ယောက်နဲ့ ချိတ်ဆက်မိခဲ့ပြီး အဲဒီလူက လစ်ဘီကို သူတို့ဖွဲ့ထားတဲ့ ကလပ်အကြောင်းပြောပြခဲ့ပါတယ်။
အဲဒီလိုပြောရင်း လိုင်းက အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဲဒါကတော့ ဘန်ဟာ အပြစ်မဲ့သူတစ်ယောက်ဆိုတာပါပဲ။
လိုင်းက လစ်ဘီကိုတော့ အ ခင်းဖြစ်တဲ့ညက ဘာတွေဖြစ်သွား ခဲ့တယ်ဆိုတာထပ်ပြီးအတွင်းကျ ကျစုံစမ်းဖို့ပြောခဲ့ပါတယ်။
အစ်ကိုဖြစ်သူမှာအပြစ်မရှိ တာသိသွားတဲ့လစ်ဘီ တကယ့်တ ရားခံတွေ ဘယ်လိုပြန်ဖော်ထုတ် မှာလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာမို့ ပရိသတ်စိတ်ဝင်စားမယ်ထင်ပါတယ်။

Imdb Rating : 6.2
Review  – 7Day Daily
Encoder – Lynn Lynn Latt

ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်

ဒေါင်းရန်လင်ခ် >> Full HD size 674M (Or)
Small file size 440M

 ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ  ဖတ်ပါ။



Posted via Blogaway


Unbroken (2014) မြန်မာစာတန်းထိုး



Screenshots







Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းပြီး မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ  ဒီနှစ် Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။

ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။
တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။
IMDb Rating(7.2/10) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

စစ်ပြီးနောက် ဆက်ဖြစ်တဲ့အကြောင်းအရာတွေကိုတော့ slideshow နဲ့ဆက်ပြပါတယ်။ Louie က အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက်ရပါတယ်။ Phil လည်း အသက်ရှင်လွတ်မြောက်ခဲ့ပြီး သူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ Mutsuhiro “Bird” Watanabe က ထိပ်တန်းဂျပန်စစ်ရာဇဝတ်ကောင် ၄၀ စာရင်းမှာပါပေမယ့် ထွက်ပြေးပုန်းရှောင်နေခဲ့လို့ ဥပေဒေရှေ့မှာ တရားမျှတမှုနဲ့ ရင်မဆိုင်ခဲ့ရပါဘူး။ Louie ဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးခဲ့ပြီး အများစုနဲ့တွေ့ဆုံခဲ့ပါတယ်။ Watanabe ကတော့ Louie ကို အတွေ့မခံခဲ့ပါဘူး။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ဂျပန်နိုင်ငံ နာဂါနို မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မီးရှုးတိုင်ကို သယ်ဆောင်ပေးခဲ့ပါတယ်။ သူ့ပြေးခဲ့တဲ့နေရာက အရင်က သူနေခဲ့ရတဲ့ စစ်သုံ့ပန်းစခန်းတွေထဲက တစ်ခုရဲ့ အနီးမှာရှိပါတယ်။ အပိတ် title မှာတော့ Louis Zamperini ဟာ အသက် ၉၇ နှစ် ဇူလိုင်လ ၂ ရက် ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကို ပြသသွားပါတယ်။

ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာတော့ ဘယ်သူမှချိုးဖျက်လို့မရတဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေအကြောင်းကို အတွေးနယ်ချဲ့နေမိပါတော့တယ်။
(ရုပ်ရှင်အညွှန်းကို Motaku Film Review မှထုတ်နှုတ်တင်ပြထားပါသည်။) 

File size...1.2GB   
Quality...Blu-ray Rip 720p
Format...mp4
Duration....02:17:21
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung 
 
Download and Watch 720p HD 

Download and Watch 360p Small File Size(500MB)


Monday, May 23, 2016

Channel Myanmar မှ Movie Download နည်း

============================================

ပုံမှန်ကတော့ Download and Watch ဆိုတာကိုနှိပ်ပါ။ 
adfly မှာ 5 sec စောင့်ပြီး ညာဖက်အပေါ်ထောင့်က Skid ad ဆိုတာကိုနှိပ်ပါ။
ဒါဆိုရင် pCloud မှာဒေါင်းလို့ရပါပြီ။ 

Download မပေါ်ဘဲ Save to pCloudပဲပေါ်နေတယ်ဆိုရင်
ကိုယ်ပိုင် pCloud အကောင့်ထဲ Save လုပ်ပြီးမှဒေါင်းပါ။

တကယ်လို့ ကိုယ်ပိုင် pCloudအကောင့်မရှိရင်အောက်ပါအတိုင်းဆက်လုပ်ပါ။
ကိုယ့်မှာ Email တစ်ခုရှိရပါမယ်။
အဲ့ဒီ Email နဲ့ pCloud မှာ Register လုပ်ပါ။
Email ကနေ Verify လုပ်ပါ။ (Email ဆီသွားပြီး pCloudကပေးပို့လာတဲ့လင့်မှာ Verify လုပ်ပါ။)

ဒါဆိုရင် pCloud အကောင့်တစ်ခုရပါပြီ။ 10GB free ပေးထားပါတယ်။
ကိုယ်ပိုင်အကောင့်ဖြစ်တဲ့အတွက် တခြား Data တွေလဲအလကားသိမ်းထားလို့ရပါတယ်။
ဒါကြောင့် pCLoud အကောင့်တစ်ခုလောက်တော့ ကိုယ်ပိုင်ရှိသင့်ပါတယ်။
အကောင့်ဖွင့်ရတာမခက်ခဲသလို ပုံတွေမှာလဲပြပေးထားပါတယ်။
(ပုံလေးတွေမြင်ရဖို့ အောက်မှာ Read moreဆိုတာကိုနှိပ်လိုက်ပါ)

ဖုန်းနဲ့သုံးမယ်ဆိုရင်တော့ pCloud apk လေးရှိထားရင်ပိုအဆင်ပြေပါတယ်။ 

pCloud apk Download >>>> http://pc.cd/5AfctalK









ပြီးရင် Email မှာ Verify လုပ်ရပါမယ်။
မိမိ pCloud အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ Email ဆီသွားပါ။ 
pCloud ကပို့ထားတဲ့ mail ကိုဖွင့်ပြီး Verify My Email ဆိုတာကိုနှိပ်ပါ။
ဒါဆိုရင် ကိုယ်ပိုင် pCloud တစ်ခုရပါပြီ။ 





pCloud အကောင့်ရပြီမို့လို့ www.channelmyanmar.com ကိုသွားပါမယ်။
Download and Watch ဆိုတာကိုနှိပ်ပါမယ်။
adfly မှာ 5 sec စောင့်ပြီး ညာဖက်အပေါ်ထောင့်က Skid ad ဆိုတာကိုနှိပ်ပါမယ်။
Save to pCloud ကိုနှိပ်ပြီး မိမိ pCloud အကောင့်ထဲ ဇာတ်ကားကို Save ပါမယ်။
ပြီးရင် မိမိ pCloud ထဲကနေ ဇာတ်ကားကိုဒေါင်းပါ။













Android ဖုန်းနဲ့ပဲပြသွားပေမယ့်

iOS ပဲဖြစ်ဖြစ် Window ပဲဖြစ်ဖြစ် ဒီသဘောပါပဲ။

ကိုယ်ပိုင် pCloud ဖွင့်ပြီး Movie များစိတ်ကြိုက်ဒေါင်းနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။ 

Photo Credit>>>မြန်မာစာတန်းထိုး ဇာတ်ကားများ စုစည်းမှူ


Joy (2015) မြန်မာစာတန်းထိုး



ဒီဇာတ်ကားက Joy Manganoဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ Biographical Comedy-Dramaအမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ်

Joyက ယောက်ကျားနဲ့ ကွဲထားတဲ့ ကလေးနှစ်ယောက် အမေ ဖြစ်သလို သူရဲ့ အဖေနဲ့ အမေကလဲ ကွာရှင်းထားတာကြောင့် အိမ်စီးပွားရေးက သူရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ်

အဲဒီလိုနဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အလုပ်သစ်တစ်ခုကို စတင်တီထွင်ဖို့ ကြိုးစားပါတော့တယ်။

ဒီဇာတ်ကားက အလုပ်သစ် စတင်မဲ့ လူတစ်ယောက်အတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတတ်တယ်၊ မအောင်မြင်ခင် ဘယ်လို ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာတွေကို တွေ့ရမှာပါ။

အဲဒီ အခက်အခဲတွေကို ဘယ်လို အင်အားမျိုးနဲ့ ကျော်ဖြတ်မှာလဲ၊ ကျရှူံးမှူတွေကိုရော လက်မြောက် အရှူံးပေးမှာလား ဒါမှမဟုတ် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျော်လွှားမှာလားဆိုတာကို ကောင်းကောင်းသင်ယူနိုင်မဲ့ ဇာတ်ကား တစ်ကားမှာပါ။

အလုပ်သစ်တစ်ခု စတင်မဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွန်းပါရစေ

Jennifer Lawrence  ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှူနဲ့အတူ IMDB Rating 6.6 အထိ ရထားတဲ့ ဒီဇာတ်ကားက ကြည့်ရှူတဲ့လူတွေအတွက် အကျိုးရှိတဲ့ အတွေးမျိုးကို ပေးနိုင်မှာ သေချာပါတယ်။

File Size         : 930 MB
Quality           : Blu ray 720P
Running Time : 2hr 04 minute
Format           : Mp4
Genre             : Biographical, Comedy, Drama
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size


Saturday, May 21, 2016

Battle for Sevastopol(2015)(မြန်မာစာတန်းထိုး)



IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘ၀ဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ " ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား" ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘ၀နဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။
(Littleneo ဘာသာပြန်ပေးထားပါတယ်) အင်္ဂလိပ်စာဖိုင်ကနေ ပြန်ထားတာဖြစ်တဲ့အတွက် အဓိပ္ပါယ် မပြည့်စုံတာရှိရင်လဲ သည်းခံပေးကြပါလို့။

File Size ......... 880 Mb
Duration ........  2hr
Quality .......... HD 720p
Encoder ........ Littleneo
Format ......... MP4
ဒေါင်းရန်​​အောက်​ကလင့်​ကိုနိပ်​ပါ။

ဒေါင်းရန်​လင့်​ ကိုနှိပ်​ပါ။


Rudhramadevi (2015) မြန်မာစာတန်းထိုး



အိန္ဒိယ တမီးလ် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရူဒမာဒေဗီဟာဆိုရင် အိန္ဒိယ သမိုင်းမှ အုပ်ချုပ်ခဲ့တဲ့
အနည်းငယ်မျှသော ဘုရင်မတွေထဲကမှ ရူဒမာဒေ၀ီ ဘုရင်မ ရဲ့ ဘ၀ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး
ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ငယ်ဘ၀ထဲက အခက်အခဲ အကြမ်းတမ်းစွာ ယောကျာ်းလေးဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ရတဲ့
ရူဒမာဒေ၀ီ ၊ ငယ်ရွယ်စဉ်ဘ၀ထဲက မိန်းကလေး တန်မဲ့ မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကို ပင်ပန်းခက်ခဲ့စွာ သင်ကြားခဲ့ရတဲ့ ရူဒမာဒေ၀ီ
အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ ပြိုင်ဘက် တိုင်းပြည်တွေကို ဘယ်လို ဖြိုခွင်းပြီး
အခက်အခဲတွေကြားထဲက တိုင်းပြည်ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတာကိုတော့
ပရိတ်သတ်ကြီးကဘဲ ဆက်လက် ကြည့်ရှူ အားပေးသွားပါအုံးဗျာ။
( Bahubali 2 မထွက်ခင်လေး ကြည့်ရှူအားပေးလိုက်ကြပါအုံး)



File Size :1GB
Quality :720BlueRay
Format :MP4
Duration :01:40:43
Substitle :Myanmar Substitle(hardsub)
Encoder :Aung Pyay

Download & Watch 720p

Download & Watch 360p


Friday, May 20, 2016

The Huntsman: Winter's War (2016) - မြန်မာစာတန်းထိုး

IMDb rating 6.2/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့
ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor
မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။



တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက
ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့
ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။



Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း
တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။



ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့်
ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ
လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင်
ပြေအောင်တင်ဆက်ပေးထားပါတယ်။
(ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေးWai Yan M ပဲဖြစ်ပါတယ်။)
@San Win Maung

File Size                          : 1.07 Gb
Quality                            : HDrip 720P
File Size 2                       : 500 Mb
Quality                            : 360P
Running Time                  : 1h 54m
Translator                       : Wai Yan M
Encoder                         : San Win Maung 

Download and Direct Watch HD720P

Download and Direct Watch small file

Snow White and The Huntsman 2012 ဒေါင်းရန်



Posted via Blogaway


Saturday, May 14, 2016

Killer Girl K (2011) - မြန်မာစာတန်းထိုး

ဒီနေ့အတွက် ကိုရီးယားအက်ရှင်ဇာတ်လမ်းခပ်လန်းလန်း mini-series လေးကိုတင်ပေးချင်ပါတယ်။ အားလုံးပေါင်း အပိုင်း(၃)ပိုင်းပဲရှိပြီး IMDb rating 8.0/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်း၊ဇာတ်ကားကောင်းလေးပါ။ မင်းသမီးချောချောလေးကနေ အက်ရှင်အကြမ်းအရမ်းခန်းတွေကို အကွက်ကျကျသရုပ်ဆောင် ပြသွားတဲ့အတွက် CM ပရိတ်သက်ကြီးကတော့ ကြိုက်နှစ်သက်ကြဦးမှာမလွဲပါဘူး။




ဇာတ်လမ်းအကြောင်းလေးပြောပြရရင် - ဆိပ်ကမ်းတစ်ခုမှာ ညဘက်သူငယ်ချင်းတွေ့ဆုံတွေ့နေကြရင်း တိုင်းတစ်ပါးသားတွေလူငယ်ပီပီစပ်စုကြရာမှာ အစပြုလာတဲ့ သာမာန်ရန်ပွဲလေးမှ လျှို့ဝှက်အဖွဲ့အစည်း
တစ်ခုပါ ပါဝင်ပတ်သတ်လာပြီး လူသတ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒီရန်ပွဲမှာ မိမိရဲ့မိတ်ဆွေတွေကို တားရင်း ကိုယ်တိုင်ရန်ပွဲမှာ ပါဝင်မိတဲ့အခါ ... မိခင်ဖြစ်သူပါ ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။

မိခင်ဖြစ်သူကို ကယ်တင်နိုင်ဖို့ကြိုးစားတဲ့အခါ ချာယုံဂျင်း တစ်ယောက် အောင်မြင်ပါ့မလား ...
လျှို့ဝှက် အဖွဲ့အစည်းက သူ့ကို အသုံးချတဲ့အခါမှာ ချာယုံဂျင်း တစ်ယောက် အတိတ်ဖြစ်ရပ်တွေကို
ဘာမှမသိပဲ ထို အဖွဲ့အစည်းအတွက် လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဖြစ်ရပ်စုံကိုသိသွားခဲ့ပြီးမှ သူ့ကိုလိုသလိုအသုံးချနေသူတွေကို ပြန်ပြီးလက်စားချေတဲ့အခါမှာရော အောင်မြင်ပါ့မလား ဆိုတာကို Killer Girl K ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုပါ။




အနည်းငယ်သော ရိုက်ကွက်များမှာ ဇာတ်လမ်းသဘောအရ လူမိုက်တွေ ကျင်လည်ကျက်စားရာ အနှိပ်ခန်း ကဲ့သို့သော နေရာများကိုလည်း မချွင်းမချန်ရိုက်ကူးတင်ဆက်ထားတာကြောင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ ကြောင်း အသိပေးအပ်ပါတယ်။
(IMDb မှာတော့ ဒီဇာတ်ကားနာမည်ဟာ Little Girl K လို့ပေးထားပြီး Killer Girl K လို့လူသိများတယ်လို့ ညွှန်းဆိုထားပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့CM Team မှ
Carey Nyein ပဲဖြစ်ပါတယ်။)
@San Win Maung

File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 10m
Translator                       : Carey Nyein
Encoder                         : San Win Maung 


Download Part-1(HD720P) | Download Part-1 Small

Download Part-2(HD720P)Download Part-2 Small

Download Part-3(HD720P) | Download Part-3 Small


Friday, May 13, 2016

The Man From MACAU 3 (2016)မြန်မာစာတန်းထိုး



ဒီဇာတ်ကားကိုတော့ ထွေထွေထူးထူး မိတ်ဆက်မပေးတော့ပါဘူး
မင်းသားကြီး Chow Yun Fat ရဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့
The Man from Macau ရဲ့ တတိယမြောက်ကားဖြစ်ပါတယ်။
အရင်က The Man from Macau ကို ၁ ရော ၂ ပါတင်ပေးဖူးပါတယ်။
အခုတော့ လင့်တွေပျက်လောက်နေပြီမို့ နောက်များမှ
အသစ်ထက်တင်ပေးပါမယ်။
ဒီဇာတ်ကားမှာတော့ ဖဲဝိဇ္ဇာ Chow Yun Fat (Ko Chun ) နဲ့ အတူ
မင်းသား Andy Lau (Michael Chan) ရယ် မင်းသမီးချော
Sally Victoria Benson တို့ပါဝင်သရုပ်ဆောင်ထားပါတယ်..။

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အကြီးအသေး၂မျိုးနဲ့
တင်ပေးလိုက်ပါတယ်....

တိုက်ရိုက်ကြည့်ရှုရန်နှင့် ဒေါင်းရန်

Download 720p 1 GB

Download 480p 450 MB 

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း  ထံမှပြန်​လည်​ကူးယူတင်​ဆက်​ထားပါသည်​။