Thursday, May 12, 2016
Batman Vs Superman: Dawn Of Justice(2016) မြန်မာစာတန်းထိုး
2016 အစောပိုင်းမှာထွက်တဲ့ super hero ရုပ်ရှင်တွေထဲက တစ်ကားပါ။ comic လောက ရဲ့ ဥသျှောင် ဖြစ်တဲ့ DC ရဲ့ ဇာတ်လမ်းတွေကို အခြေခံထားပါတယ်။ တချို့သူတွေ ယူဆချက်အရဆိုရင် comic ဇာတ်လမ်း ၃ခုလောက်ကိုတောင် ပေါင်းပြီး ရိုက်ထားဖွယ် ရှိတယ်လို့ဆိုပါတယ်။ သာမန် ရုပ်ရှင်ကို ဒီတိုင်းကြည့်သွားရင်တော့ စိတ်ထဲ မှတ်မှတ်ရရ မဖြစ်လောက်ပေမယ့် တချို့ဇာတ်ဝင်ခန်းတွေက comic သမားတွေကို ရင်ဖိုအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ DC ထုံးစံ အတိုင်း dark ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မနေပါဘူး။ movie criticsတွေ အတွက် အမြဲ လိုလို ထောက်ပြဝေဖန်စရာ ဖြစ်နေတဲ့ အချက်ပါပဲ။ Batman ကို နေ့ဘက် မြင်ရဖို့ကတော့ မဖြစ်နိုင်လောက်တဲ့ အတွက် DC movie တွေဟာ rating တွေ ဝေဖန်ချက်တွေကို ဂရု မစိုက်ဘဲ ဆက် dark မြဲ darkနေဦးမှာပါ။ ဒီဇာတ်ကားကလဲ နောက်ဆက်ထွက်လာမယ့် DC ရဲ့ နာမည်ကျော် Justice League အကြောင်း အစပျိုးထားတာဖြစ်ပြီး Justice League က အခြား နာမည်ကျော် heroတချို့ရဲ့ theme ဟာ dark ဖြစ်တာမို့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ကြိုက်တတ်သူတွေအတွက် ဝေဖန်စရာဖြစ်နေဦးမှာပါ။
ဇာတ်လမ်းကို Man of Steel အဆုံးပိုင်းနဲ့ ပြန်စထားပါတယ်။ Superman ရဲ့ တိုက်ပွဲတွေ အပြီးမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တချို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီအချက်ကို အခြေခံပြီး ပြည်သူတွေကြား Superman ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ တစ်နေ့တခြား များပြားလာခဲ့တာပါ။မိမိဝန်ထမ်းတွေရဲ့ အသက်တွေ ဘဝ တွေဟာ Supermanရဲ့ တိုက်ပွဲ အကြားမှာ အပြစ်မဲ့စွာ ဆုံးရှုံးခဲ့ရတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့ Batman တစ်ဖြစ်လဲ Bruce Wayne တစ်ယောက်လဲ Superman ကို နာကျည်းသွားပြီး ဆန့်ကျင်သူတွေထဲက တစ်ယောက် ဖြစ်လာပါတော့တယ်။ ဒီကြားထဲ DCရဲ့ နာမည်ကျော် ဗီလိန်တစ်ဦးဖြစ်တဲ့ Lex Luthor ရဲ့ ယာလည်းညက်စေ ကြက်လဲ ပန်းစေ ဆိုတဲ့ ရည်ရွယ်ချက်ချက်နဲ့  ဂန္တဝင် hero နှစ်ယောက်ရဲ့ ဘယ်လိုတွေ ရန်တိုက်ပေးဦးမှာလဲဆိုတာလဲ တွေ့ရဦးမှာပါ။
Batman Vs Superman တို့ နှစ်ယောက်ရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိုင်ရသွားမှာလဲ၊ ပြန်ပြေလည်မှူ ရရှိသွားမှာလား ဒါမှ မဟုတ် Lex Luthorမှာရော နောက်ထပ် ဘာ အကြံအစည်တွေ ရှိနေဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲ ကြားထဲကို ဝင်လာသူက နောက်ထပ် စွမ်းအားလွန်လူသား တစ်ဦးဖြစ်ပြီး DCရဲ့ အထင်ကရ အမျိုးသမီး super hero ဖြစ်တဲ့ Wonder Woman ပါပဲ။ 
ဇာတ်ကားထဲက တိုက်ခိုက်ခန်းတွေဟာ တော့ တကယ် ကြည့်လို့ကောင်းပြီး ကြမ်းတမ်းပါတယ်။ Batman မင်းသားသစ် Ben Afleckကို ကြိုက်သူ မကြိုက်သူ ကွဲပြားနေသေးပေမယ့် သူ့ role ကို အကောင်းဆုံး လုပ်ပြသွားနိုင်တာတော့ ငြင်းဖွယ်ရှိပါဘူး။ နောက်ထပ် Justice League မှာ ပါလာမယ့်အခြား heroတွေကိုလဲ ကြိုတင် နမူနာ ပြခဲ့ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ထားတာတွေ့ရပါတယ်။အခု အွန်လိုင်းပေါ်မှာ ထွက်ရှိနေတဲ့အထဲက အကြည်ဆုံးဖြစ်တဲ့ 1080 Hd rip  Qualityနဲ့ တင်ပေးထားတာမိှု့Qualityပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ချို့တော့ ရှိနေနိုင်ကြောင်း ကြိုသတိပေးအပ်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာ တန်ဖို့တော့ အာမခံပါတယ်။
File Size         : 1 GB
Quality           : 720 HD Rip
Running Time : 2hr 31 minute
Format           : Mp4
Genre             : Action, Adventure, Fantasay
Encoder         : Joker.phs
2 comments: