Sunday, August 28, 2016

Never Gone (2016) မြန်မာစာတန်းထိုး

Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။IMDb Rating (6.2/10) ရရှိထားတဲ့နာမည်ကြီးဇာတ်ကားပါ။

Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။
အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့ သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။
ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ ...အနားမှာရှိရှိ..မရှိရှိ.. အချစ်ဆိုတာ ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲမဟုတ်ပါလား။

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုစိတ်ဝင်စားစရာတွေပါနေလို့ Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။
HD 720p ကို (850MB) နဲ့ ဖိုင်ဆိုဒ်အသေးကို (350MB) နဲ့ Encode ထားပါတယ်။
အောက်ကလင့်မှာဝင်ဒေါင်းပါ။

ဒေါင်းရန်လင့် ကိုနှိပ်​ပါ။  

( ဒီကားလေးရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ Moe Myint Lwin ဘဲဖြစ်ပါတယ်။ )
>>>Nyeinsaeya Aung<<<


Wednesday, August 24, 2016

Skiptrace(2016) မြန်မာစာတန်းထိုး

Skiptrace(2016) မြန်မာစာတန်းထိုး

2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။

ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။

အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။ (Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)

ထွက်ရှိထွက်သမျှထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTC ဗားရှင်းနဲ့ တင်ပေးထားပါတယ်။ Blu Rayရရင်လဲ Updateပေးမှာမို့ Blu Ray ရမှ ကြည့်မယ်ဆိုတဲ့လူတွေ စောင့်ကြပါဦး

ဒီလင့်ကနေ ဒေါင်းပါ >>>> Download And Watch With Pcloud Link Full HD
(အညွန်းရေးပေးသူကတော့ Little Neo ဖြစ်ပြီး ဘာသာပြန်သူကတော့ SKL ဖြစ်ပါတယ်)

@joker
 


Thursday, August 18, 2016

Sniper Ghost Shooter (2016) မြန်မာစာတန်းထိုး



Sniper Ghost Shooter (2016) မြန်မာစာတန်းထိုး
*************************************
ကဲဒီတစ်ခါတော့ Sniper ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေမစ်ရှင်တစ်ခုအတွက် အကြမ်းဖက်သမားများလက်မှအရေးကြီးသော ဂတ်စ်ပိုက်လိုင်းကို ကာကွယ်ဖို့အတွက်လုပ်ဆောင်ရာမှာ စနိုက်ပါသမား၂ယောက်က ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကိုဆက်လက်ရှူစားကြရအောင်လား

👉ဒေါင်းရန်လင့် ကိုနိပ်ပါ။👈


Independence Day: Resurgence(2016) – မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ကထွက်ခဲ့တဲ့ Independence Day (1996) ရဲ့ နှစ် ၂၀ မြောက်အမှတ်တရကားဖြစ်သလို . . . အဲ့ဒီကားရဲ့အဆက်လည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။

လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဥာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် . ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့် သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။

အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၄င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။

ဒီဇာတ်ကားဟာ IMDb rating 5.5/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။ နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။

(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Carey Nyein ပဲဖြစ်ပါတယ်။)

1996 movie link ကိုလည်း အောက်မှာပေးထားပါတယ်။
@San Win Maung

Movie Download >>> ဒေါင်းရန်လင့် ကိုနိပ်ပါ။

Independent Day (1996) movie ကိုလိုချင်ရင်ဒီမှာဒေါင်းယူနိုင်ပါသည်။

 


Monday, August 8, 2016

Dead Rising:Watch Tower(2015) မြန်မာစာတန်းထိုး


ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက 5.2 ရထားပါတယ်

ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်... သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့....ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ.... ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ....။

ဒေါင်းရန်​လင့်​ ကိုနိပ်​ပါ။

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

 


1920: London (2016) မြန်မာစာတန်းထိုး



– ဒီနေ့အတွက်တော့ ချောက်ချားစရာ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။

ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ  သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။

သူ့ရဲ့ရောဂါဟာ ရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။

အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့  မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။

တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သူဘ၀က အထင်လွဲစရာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။

ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

(ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်။)

File size…(999MB)
Quality….DVD-Rip 720p
Format…mp4
Duration….01:58:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

ဒေါင်းရန်​လင့်​ ကိုနှိပ်​ပါ။  


Dead Rising : End Game (2016) မြန်မာစာတန်းထိုး




ပထမတင်ပေးခဲ့တဲ့ Watch Tower ရဲ့အဆက်

ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက ၄.၇ ရထားပါတယ်

ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်... သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့....ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ.... ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ....။


ဒေါင်းရန်​လင့်​ နှင့်​ တိုက်​ရိုက်​ကြည့်​ရန်​ နှိပ်​ပါ